Tuesday, October 8, 2013

7:57 PM
1
iOS hacker တစ်ဦးဖြစ်သူ pod2g က "iOS 7 jailbreak ကို 

အားလုံးအတွက် သုံးလို့ရအောင် ထုတ်ပေးနိုင်ဖို့ ယုံကြည်မှုတွေ 

ပို ပိုရှိလာတယ်၊ ဒါပေမယ့် ချက်ခြင်းတော့ ဖြစ်လာမှာ 

မဟုတ်သေးဘူး" လို့ သူ့ရဲ့ Twitter မှာ ပြောသွားခဲ့ပါတယ်။ 




iOS 7 ဟာ အခုချိန်ထိ Final version အနေနဲ့ ထွက်မလာသေးပဲ 

developer များအတွက် beta version များကို တစ်မျိုးပြီး တစ်မျိုး 

ထုတ်ပေးနေခဲ့တာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဖြစ်ပါတယ်။ 

အသစ်ထွက်လာတဲ့ iPhone 5C နဲ့ iPhone 5S က iOS 7 နှင့်တစ်ကွ

 ဖြန့်ဖြူးမှာ ဖြစ်လို့ နောက်လ အစပိုင်းမှာပဲ iOS 7 ကို Release 

လုပ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။



"evad3rs" အဖွဲ့သားများ ဖြစ်ကြတဲ့ (pod2g, MuscleNerd, 

planetbeing and pimskeks) တို့ကတော့ iOS 7 အတွက် Jailbreak 

ကို မျက်ခြေမပြတ် လုပ်ကိုင်နေကြဆဲ ဖြစ်လို့ အားတက်စရာ

 ကောင်းပါတယ်။ Jailbreaker အချို့ရဲ့ ဆန္ဒကတော့ iOS 7 jailbreak 

ကို မြန်မြန်ဆန်ဆန်ကြီး မထုတ်ပေးနိုင်သေးရင်တောင် iOS 6.1.3/4 

အတွက် Untether Jailbreak ကို ထုတ်ပေးစေလိုကြပါတယ်။ 

အကယ်၍သာ ဒီလို လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် iOS 7 ကို 

လိုက်ခွင့်မရတော့တဲ့ iPhone 4, iPad 1 နှင့် iPodTouch သမားတွေ 

အတွက်တော့ အကျိုးအများကြီး ရှိနိုင်ပါလိမ့်မယ်..


ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Share" လုပ်နိုင်ပါတယ် 

1 comments :

If you have any question or, want to say something Please feel free to Comment below in the Comment box..Thanks

မေးချင်တာ ဒါမှအဟုတ် သိချင်တာရှိခဲ့ရင် ကျေဇူးပြု၌ အောက်က Comment Box မှာ ရေး မေးမြင်နိုင်ပါတယ်။