Saturday, November 16, 2013

8:20 PM
ဗီယက်နမ်အခြေစိုက် Squar ကုမ္ပဏီက mysquar ဆိုတဲ့ လူမှုကွန်ရက်တစ်ခုကို မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၆ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းသုံးစွဲသူတွေကြားမှာ လူသုံးများတဲ့ Facebook လူမှုကွန်ရက်နဲ့ ဆင်တူပေမယ့် မြန်မာဘာသာစကားတစ်ခုတည်းနဲ့ပဲ အသုံးပြုလို့ရတယ်လို့ Squar ကုမ္ပဏီက အမှုဆောင်အရာရှိက ဆိုပါတယ်။
လူငယ်တွေအနေနဲ့ Mysquar လူမှုကွန်ရက်ကို သုံးစွဲဖို့ ရည်ရွယ်ထားပြီး ဂိမ်းနဲ့ အခြား ဖျော်ဖြေရေးဆိုင်ရာတွေကို ထည့်သွင်းထားမှာဖြစ်ပြီး အကျိုးအမြတ်ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
Squar ကုမ္ပဏီကို ဒီနှစ် ဇွန်လမှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခြားဘာသာစကားတွေ ထည့်သွင်းအသုံးမပြုနိုင်တာကြောင့် မြန်မာနိုင်ငံအတွက် စိတ်ဝင်စားအောင် အထူးပြုလုပ်ထားပြီး မီဒီယာတွေနဲ့လည်း ပူးပေါင်းသွားဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
Credit by: Kamayut Media

0 comments :

Post a Comment

If you have any question or, want to say something Please feel free to Comment below in the Comment box..Thanks

မေးချင်တာ ဒါမှအဟုတ် သိချင်တာရှိခဲ့ရင် ကျေဇူးပြု၌ အောက်က Comment Box မှာ ရေး မေးမြင်နိုင်ပါတယ်။